Wednesday, November 13, 2013
*** ကျောကုန်းမှဝက်ခြံများ ဝေးဝေးသွား ***
ကျောကုန်းမှဝက်ခြံများ ဝေးဝေးသွား
အမျိုးသားများက အမျိုးသမီးများထက်ပို၍ နောက်ကျောဘက်မှာဝက်ခြံပေါက်လေ့ရှိုကြပါတယ်။ အဲဒီ ၀က်ခြံတွေ ဘယ်လိုပျောက် ကင်းအောင် လုပ်ရမယ်မသိဖြစ်နေသူများအတွက်၊ အောက်ပါကုထုံးများဖြင့် စမ်းသပ်ကြည့်စေလိုပါတယ်။
၁။ အ၀လွန်သူများ၊ အဆီပြန်သောအရေပြားများနဲ စိတ်ဖိစီးတဲ့အခါမျိုးတွေ မှာ ကျောကုန်း တွင်ဝက်ခြံ များ စွာ ထွက်ရှိလာတတ် တာကြောင့် စိတ်အပန်းဖြေခြင်း၊ ယာဂကျင့်ခြင်း၊ အသက်ပြင်းပြင်းရှုခြင်း၊ အိပ်ရေး၀၀ အိပ်ခြင်း၊ တရားမှတ်ခြင်း(အာနာပါန ရှုခြင်း) စိတ်ညစ်စရာ မပြေလည်မှုများ ကိုမေ့ပျောက်ခြင်း၊ ရေနွေးဖြင့်ရေချိုးခြင်း...တို့ ပြုလုပ်ပါ။ ကိုယ်လက်လှုပ်ရှားလေ့ကျင့် ခဏ်းများက လည်း နောက်ကျောဘက်ရှိ ချွေးပုပ်များထွက်လာကာ အရေပြားပေါ်မှအဆိပ်အတောက်များပြေ၍ ၀က်ခြံပျောက်စေ ပါတယ်။
၂။ ကျောကုန်းရှိ ၀က်ခြံများက ယားယံလေ့ရှိတာကြောင့် လက်ဖြင့်ညှစ်ခြင်း၊ ပွတ်တိုက်ခြင်း၊ ကုတ်ဖဲ့ခြင်းမလုပ်ပါနှင့်။ ထိုသို့ ပြု ခြင်းဖြင့် ၀က်ခြံအဖုမှထွက်လာသော သွေးနှင့်အရည်ကြည်များက နောက်ထပ်ဝက်ခြံအသစ်များ အလျှင် အမြန်ပွား လာစေပါ တော့တယ်။
၃။ green tea(ခေါ်)လ္ဘက်စိမ်းရွက်တို့ က ကျောကုန်းပေါ်ရှိ ၀က်ခြံတို့ ကို သက်သာစေတဲ့အပြင်၊ ၀က်ခြံပေါက်ပြီးသော အရေပြား ကို ပြန်လည်အားသစ်လောင်းပေးနိုင်တာကြောင့်၊ လ္ဘက်စိမ်းရွက်တို့ ကို ကြိတ်ချေ လိမ်းခြင်း(သို့ မဟုတ်)၄င်းဆေးဘက်ဝင် အ ပင်ဖြင့်ပြုလုပ်ထားသော အရေပြားလိုးရှင်းကရင်မ်သုံးခြင်း(သို့ မဟုတ်) လ္ဘက်စိမ်းရွက်အဆီလိမ်းခြင်း တို့ ပြုလုပ်ပေးပါ။
၎။ ရှာစောင်းလက်ပတ်အပင်က အရေပြားအတွက်အကောင်းဆုံးအဖော်မွန်ဖြစ်လို့ ၊ ၄င်းအပင်၏ဂျယ် လီဖြင့် ကျော ဘက်အနှံ့  အသားထဲထိ စိမ့်အောင်လိမ်းပေးပါ။  
၅။ မှိုမတက်စေရန်လည်းကောင်း၊ အက်စ္စပရင်ဆေးပြားတွင်လည်းကောင်း၊ ဆိုးဆေးများတွင်လည်းကောင်း salicylic အက်ဆစ် (ခေါ်)ဓာတုပစ္စည်းတစ်မျိုးကို ထဲ့သွင်းအသုံးပြုလေ့ရှိပါတယ်။ ထိုအက်ဆစ် က နောက်ကျောဘက်ရှိ ၀က်ခြံဖုများကိုလည်း ထိထိ ရောက်ရောက်သက်သာစေလို့  salicylic အက်ဆစ်ပါသောကိုယ်တိုက် ဆပ်ပြာ ကို ရွေးချယ်သုံးပေးပါ။(သို့ မဟုတ်)anti bacteria ပါသော ကိုယ်တိုက်ဆပ်ပြာကို သုံးပါ။
၆။ အတွင်းခံအကျီကြပ်ကြပ်မ၀တ်ပါနှင့်။ ချွေးထွက်၊ လေပိတ်ပြီး ၀က်ခြံများကို ပိုမိုယားယံစေပါတယ်။
၇။ လက်နှစ်ဘက်ရှိ လက်၁၀-ချောင်းက နောက်ကျောအနှံ့ ချေး(ဂျီး)ညှော် များ ကို ပြောင် စင်အောင် မတိုက်ချွတ်နိုင်ပါဘူး။ ထို ကြောင့် ရေချိုးခန်းသုံး တာဝါ(သို့ မဟုတ်) ရေမြှုပ်တာဝါကို နောက်ကျောဘက် ကန့် လန့် /ဒေါင်လိုက် ပုံစံအမျိုးမျိုးဖြင့်  တိုက်ချွတ် ဆေးကြောပါ။
၈။ ထို့ နည်းတူ ရေချိုးပြီးနောက် နောက်ကျောရှိ ဆပ်ပြာရည်အကြွင်းအကျန်များကို ကုန်စင်အောင် ရေ များများလောင်းချိုးပြီး၊၊ မျက်နှာသုပ်ပ၀ါဖြင့် ကျောအနှံ့ ရေများခြောက်သွေ့ သွားအောင် ပွတ်တိုက်သုတ်ပေးပါ။ သို့ မဟုတ်ပါက ထိုဆပ်ပြာရည် အကြွင်း အကျန်ထဲရှိ ဓာတုပစ္စည်းများက အရေပြားယားယံပြီး ၀က်ခြံအဖုများပေါက်ပွားလာစေပါတယ်။
၉။ ကွေကာအုတ်အကြမ်းများက ကျောကုန်းပေါ်ရှိဝက်ခြံများကို အံ့ဘွယ်သန့် စင်ပေး လို့ ၊ ကွေကာ အုတ် ကို ရေနွေးဖြင့်ပျစ်ပျစ် ဖျော်၍ ထိုဝက်ခြံဖုများအပေါ် ခပ်နာနာပွတ်တိုက်ပေးပါ။ ရက်သတ္တ -ပတ်အတွင်း မှာပင် သိသိသာသာလျော့ပါးသွား စေပါလိမ့် မယ်။
၁၀။ ဌက်ပျောသီးမှည့်မှည့်ကိုကြိတ်ချေပြီး၊ နောက်ကျောအနှံ့ ပွတ်တိုက်လိမ်းပေးပါ။ နောက် ၅-မိနစ် အကြာမှာ ရေနွေးနွေးမှာ နှစ်စိမ်ထားသော မျက်နှာသုတ်ပု ၀ါနွေးနွေးဖြင့် ကျောကုန်း ကိုပွတ်တိုက် သန့် စင်ပေးပါ။
၁၁။ ရေချိုးပြီးတိုင်း ဆားကြမ်းကို ရေပျစ်ပျစ်ဖျော်၍ ကျောကုန်းမှာ အသာအယာပွတ်ပေးပါ။ ထိုဆားပျော် ရည်ခြောက်သွားတဲ့ အထိ စောင့်ပြီးနောက်၊ ရေအေးဖြင့်ပြန်လည်ဆေးကြောသန့် စင်ပါ။ တစ်နေ -ကြိမ် ထို သို့  မှန်မှန်လုပ်ပေးခြင်းဖြင့် ရက်အနည်း ငယ်အတွင်း သိသိသာသာ ၀က်ခြံများလျော့ပါး သွားစေပါ တယ်။
၁၂။ မုန့် ဖုတ်ဆော်ဒါမှုန့် များကလည်း အရေပြားပေါ်ရှိဝက်ခြံများအတွက် ဆေးစွမ်းထက်မြက်ကြောင်း အရေပြား အထူးကု ဆရာဝန်များက ထောက်ခံအားပေးကြပါတယ်။ ထိုဆော်ဒါမှုန့် ကို ရေအေးဖြင့် ပျစ်ပျစ်ဖော် ၍ ကျောဘက်ရှိဝက်ခြံများအပေါ် စက်ဝိုင်းသဏ္ဍာန် အသားထဲထိစိမ့်ဝင်အောင် နှိပ်နယ်လိမ်းကျံပေးပါ။ ၁၀-မိနစ် ခန့်  အကြာ ရေနွေးနွေးဖြင့် ပြန်လည်သန့့်စင် လိုက်ပါ။ 
၁၃။ မည်သို့ ပင်ဆေးဝါးကုထုံးများသုံးစေကာမူ၊ နေ့ စဉ်ပုံမှန်စားနေသော အစားအသောက်ကလည်း အရေပြား ကျန်းမာရေး အတွက် အဓိကကျတာမို့  ဆင်ဆင်ခြင်ခြင်စားပါ။ ပြည့်ဝဆီပါသောအစားအစာဟင်းလျာများ၊ ဆီဟောင်း ကိုထပ်ခါထပ်ခါသုံးထား သော အကြော်အလှော်များ၊ အဆီမထုတ် ထားသော နို့ နှင့် နို့ ထွက် ပစ္စည်းများရှောင်ပါ။ ရေများများသောက်ပါ။ လတ်ဆတ်ပြီး အရည်ရွှမ်းသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ များစားပါ။ ဗီတာမင်စီကြွယ်ဝသော ရှောက်ရည်၊ သံပုရာရည်၊ နာနတ် သီးစားပေးပါ။ 
၁၄။ စတော်ဘယ်ရီသီး၊ သင်္ဘောသီး၊ ထောပတ်သီးများက အသားအရေကိုသန့် စင်ပေးလို့ များများစားပါ။ ထိုအသီးတို့ ဖြင့်ပြု လုပ်ထားသော လိုးရှင်း(ကရင်မ်) လိမ်းပေးပါ။
(ပေါက်ပေါက်မျှဝေသည်)
(မှီငြမ်း။ အင်တာနက်@The natural remedies for Back Acne)
Saturday, November 9, 2013
*** ကိုလက်စထရောကျစေတဲ့ အစားအစာ (၁၂)မျိုး ***
*** ကိုလက်စထရောကျစေတဲ့ အစားအစာ (၁၂)မျိုး ***
ကိုလက်စထရောဆိုတာ…… သွေးထဲမှာစီးဆင်းနေတဲ့ အဆီမော်လီကျူးတွေဖြစ်ပြီး၊ ခန္ဓာကိုယ်ကိုကောင်းကျိုးပြုတဲ့ HDL ကိုလက်စထရော နဲ့ ခန္ဓာကိုယ်ကိုဆိုးကျိုးပေးတဲ့ LDL ကိုလက်စထရော ဆိုပြီးရှိကြပါတယ်။ ပမာဏများရင် ခန္ဓာကိုယ် တည်ဆောက်ရာမှာသာမက သွေးကြောတွေကိုပါ အနည်ကျပိတ်ဆို့ စေပါတော့တယ်။ အထူးသဖြင့် နှလုံးသွေးလွှတ်ကြော တွေကို သွေးထောက်ပံ့မှု ကမောက်ကမဖြစ်စေတာကြောင့် နှလုံးရောဂါအစ၊ ကိုလက်စထရောက လို့  ဆိုနိုင်ပါတယ်။
(ကိုလက်စထရော တက်စေတဲ့အကြောင်းရင်းများ) () သွေးဆုံးပြီး အမျိုးသမီးများ () မိသားစုမျိုးရိုးထဲမှာ ကိုလက်စထရော များတဲ့ ရာဇဝင်ရှိသူများ () အဆီအအိမ့်အစားများပြီး ကိုယ်လက်လှုပ်ရှားမှုနည်းသူများ () အ၀လွန်သူများ () ဆေးလိပ် သောက်လွန်းသူများ…. မှာ ကိုလက်စထရောတွေ တက်လာကြပါတယ်။
(ကိုလက်စထရောကျစေတဲ့အစားအစာများ) ကမ္ဘာနဲ့ အ၀ှမ်း ကိုလက်စထရောမြင့်မားမှုကြောင့် လူကြီး-လူရွယ်မရွေး နှလုံးရောဂါ ဝေဒနာခံစားလာကြရာ၊ မိမိကိုယ်ကို ကျမ္မာရေးအသိဖြင့် အောက်ပါ အစားအစာတွေနဲ့ ထိန်းသင့်ပါတယ်။  
() ကွေကာအုတ်ထဲမှာ ပျော်ဝင်လွယ်တဲ့အမျှင်ဓာတ်တွေ နဲ့  သဘာဝ beta-glucol ဓာတ်တွေပါရှိကြပြီး၊ ထိုဓာတ်တွေက သွေးတွင်း မကောင်းတဲ့ကိုလက်စထရော တွေကိုစုပ်ယူပြီး ခန္ဓာကိုယ်ကနေ ပြန်လည်စွန့်ထုတ်ပေးတာကြောင့်  နံက်စာအာဟာရ အဖြစ် ကွေကာအုတ်ကို စားပေးသင့်ပါတယ်။
() အနီရောင်စပျစ်သီးကထုတ်လုပ်တဲ့ ၀ိုင်နီ တွေက သွေးအတွင်းမှ မလိုလားအပ်တဲ့ အဆီများကိုဖယ်ရှားပေးတာကြောင့် မကောင်းတဲ့ကိုလက်စထရောတွေကို လျော့ချစေပြီး နှလုံးအဆို့ ရှင်များပွင့်လာစေပါတယ်။ နှလုံးသွေးကြော ပိတ်ဆို့ ခြင်း ကြောင့်ဖြစ်ပ်ါစေတတ်သော နှလုံးရောဂါအမျိုးမျိုး၊ လေသင်တုန်းဖြတ်ခြင်း၊ အိုမင်းရင့်ရော်ခြင်းနှင့် စပ်ဆက်တဲ့ နှလုံးယိုယွင်း မှုတို့ ကိုပါ ကာကွယ်ပေးနိုင်ပါတယ်။
()ါးသလောက်ယောက္ဖ၊ ဆယ်လ်မွန်ငါး၊ တူနာငါး၊ ငါးသေတ္တာငါး၊ ပင်လယ်ငါးပြားကြီး စတဲ့ ပင်လယ်ငါးအမျိုးမျိုးတို့ မှာ အိုမီဂါ-၃ ဖက်တီးအက်ဆစ်တွေ ပါရှိနေတာကြောင့် ခန္ဓာကိုယ်ထဲရှိ ကောင်းတဲ့HDLကိုလက်စထရောကို မြှင့်ပေးပြီး၊ မကောင်းတဲ့ LDLကိုလက်စထရောကို လျော့ချပေးပါတယ်။ ဒါ့ပြင် အဲဒီ အိုမီဂါ-၃ ဖက်တီးအက်ဆစ်တွေက နှလုံးရောဂါ နဲ့  ဦးနှောက်ဇရာ အကြိုရောဂါတို့ ကို ကာကွယ်ပေးပါတယ်။
() သစ်ကြားသီး၊ ဗာဒံစေ့ စတဲ့ အစေ့အဆန်တွေမှာ polyunsaturated(ခေါ်)သွေးထဲမှာ ကိုလက်စထရောတွေ မစုဝေးနိုင် အောင် ပြုပြင်ပေးတဲ့ သဘာဝဓာတုဓာတ်တစ်မျိုးပါရှိနေတာမို့ ၊ ကိုလက်စထရောကျစေတဲ့ အကောင်းဆုံးအစားအစာ များဖြစ်ကြ ပါတယ်။ (သို့ သော် တန်ဆေးလွန်ဘေး ဖြစ်တတ်တာမို့  အစေ့အဆန်တွေကို တနေ့ လျှင် မိမိလက်တစ်ဆုပ်စာ ပမာဏထက် ပို၍ မစားသင့်ပါဘူး)
() ပဲတောင့်ရှည်(ခေါ်)ပဲသီး၊ ဗိုလ်စားပဲ စတဲ့ အစိမ်းရောင်ပဲအမျိုးမျိုးတွေက အမျှင်ဓာတ်များပြီး၊ ပရိုတင်းဓာတ်အပြည့်အ၀ ပါရှိကာ အဆီပါဝင်မှုလွန်စွာနဲပါးတာကြောင့် နှလုံးရောဂါရှိသူတွေအတွက် ထိုအစိမ်းရောင်ပဲသီးတို့ က အကောင်းဆုံး အိမ်တွင်း သမားတော်များပါဘဲ။ အာရီဇိုးနားတက္ကသိုလ်မှ ဆေးသုတေသီတွေရဲ့  လေ့လာစမ်းစစ်မျက်များအရ၊ နေ့ စဉ် အစိမ်းရောင်ပဲသီး ၁-ခွက်စာပမာဏ ပုံမှန်စားသုံးသူမှာ သွေးထဲရှိ ကိုလက်စထရော ၈% အထိ ကျဆင်းသွားစေကြောင်း၊ ခန္ဓာကိုယ်မှ ကိုလက် စထရောစုပ်ယူမှုကို နှေးကွေးလာအောင်ကူညီပေးကြောင်း၊ အခြားသော ပဲမျိုးနွယ်ဝင်များဖြစ်ကြတဲ့ ပဲကတ္တီပါ နဲ့  ပဲထောပတ် များကလည်း ကိုလက်စထရောကျစေတဲ့ အစားအစာများဖြစ်ကြောင်း အကြံပြုထားပါတယ်။
() လ္ဘက်စိမ်းရွက် (လ္ဘက်ရည်ကြမ်း) တစ်နေ့ တစ်ခွက်ပုံမှန်သောက်ပေးခြင်းဖြင့် သွေးတွင်းရှိ အဆီများကို လျှော့ချပေးတာ ကြောင့် မကောင်းတဲ့ကိုလက်စထရောတွေကို အလိုလိုနှိမ်နင်းရာရောက်ပါတယ်။ ဒါ့ပြင် ကင်ဆာရောဂါတော်တော်မျာများကို ကာကွယ်ပေးရုံသာကမ၊ အရွယ်တင်နုပျိုလာစေပါတယ်။
() အညိုရောင်ချောကလက်ထဲမှာပါတဲ့ ဓာတ်တိုးဆန့် ကျင်ပစ္စည်းတွေက သွေးထဲရှိ ကောင်းတဲ့ကိုလက်စထရောတွေကို တိုးပွား စေနိုင်လို့ ကျား-မ အရွယ် ()ပါးမရွေး ချောကလက်ဖျော်ရည်ပူပူလေး သောက်ပေးသင့်ပါတယ်။
() ထောပတ်တွေက ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအစာမှန်သော်လဲ၊ မာဂျရင်းကတော့ အပင်ကရတဲ့ ဘသာဝဆေး ဘက်ဝင် စတီရောနဲ့ပြုလုပ်ထားတာကြောင့် သွေးထဲရှိ ကိုလက်စထရောကို ၃ ဒသမ ၅ ရာခိုင်နှုန်း လျော့ပါးသွားစေပါတယ်။
() ဟင်းနုနယ်ရွက်တွေက သွေးတွင်းကိုလက်စထရောကျစေတဲ့ အကောင်းဆုံးသဘာဝ အစိမ်းရောင်ဟင်းသီးဟင်းရွက် ဖြစ် ပါတယ်။ ၄င်းထဲမှာပါရှိတဲ့ လူတိန်းဓာတ်က သွေးလွှတ်ကြောနံရံမှာ ကိုလက်စထရောတွေစုပြုံနေတာကို ကာကွယ်ပေး နိုင်ပါ တယ်။ ဒါ့ပြင် ဇရာကြောင့်ဖြစ်တတ်တဲ့ မျက်ကြည်လွှာပျက်စီးမှုကို တားဆီးပေးနိုင်လို့  အရွယ် ၃-ပါးမရွေး စားသုံးသင့်ပါတယ်။
(၁၀) ထောပတ်သီးထဲမှာ နှလုံးကျန်းမာစေတဲ့ သဘာဝ မပြည့်ဝဆီတွေ အလုံအလောက်ပါရှိနေပါတယ်။ မပြည့်ဝဆီတွေက သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောတွေကို လျော့နည်းစေတဲ့အပြင် ခန္ဓာကိုယ်မှ ကိုလက်စထရော စုပ်ယူမှုကိုပါ လျော့နည်း အောင် ပံ့ပိုးပေးတာမို့  ထောပတ်သီး မကြာခဏစားပေးပါ။ (ချေဖျက်လွယ်တဲ့ အမျှင်ဓာတ်များပါရှိသော အသီးအနှံများဖြစ်ကြတဲ့ ပန်းသီး၊ သစ်တော်သီး၊ စပျစ်၊ စတော်ဘယ်ရီ၊ လိမ္မော်၊ ဂရိတ်ဖရုသီးများကလဲ ကိုလက်စထရောချပေးတဲ့ သစ်သီးလေးတွေပါဘဲ)
(၁၁) ကြက်သွန်ဖြူက သွေးထဲက ကိုလက်စထရောတွေကို ချပေးတဲ့ အကောင်းဆုံး စားဖိုဆောင်သမားတော်ပါဘဲ။ ၄င်းက သွေး ကြောနံရံတွေမှာ သွေးခဲပိတ်ဆို့ အနည်ကျခြင်းကို ကာကွယ်ပေးတာကြောင့် နှလုံးသွေးကြောကျဉ်းရောဂါ မဖြစ်စေတော့ပါဘူး။ ဒါ့ပြင် သွေးပေါင်ကျခြင်းနဲ့ ပြင်ပကူးစက်ရောဂါပိုးတွေ အလွယ်တကူဝင်မလာနိုင်အောင် တိုက်ထုတ်ပေးတာကြောင့် တစ်နေ့ကို ကြက်သွန်ဖြူ အနည်းဆုံး နှစ်မြွှာကနေ လေးမွှာအထိ စားပေးပါ။ (သို့ သော် တစ်နေ့ ကို လေးမွှာထက် ပိုမစားသင့်ပေ)
(၁၂) သံလွင်ဆီထဲမှာ ကျမ္မာရေးကို ကောင်းကျိုးပြုတဲ့ မပြည့်ဝဆီတွေကြွယ်ဝစွာပါရှိနေတာကြောင့် သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောတွေကို တိုက်ထုတ်ပေးပါတယ်။ သံလွင်ဆီက နှလုံးကိုကျန်းမာစေတဲ့အပြင် ဝမ်းဗိုက်ကအဆီတွေကိုပါ ချပေး နိုင်ပါတယ်။
(ကိုလက်စထရောတက်သူများ ရှောင်ရှားသင့်တဲ့အစားအစာများ) () အနီရောင်အသားတွေထဲမှာ ပြည့်ဝဆီတွေပါနေလို့  အသားလျော့စားပါ () အဆီပါတဲ့ နွားနို့ တွေက မကောင်းတဲ့ LDL ကိုလက်စထရောကို အလွန်အမင်းမြင့်တက်စေတာကြောင့် အဆီမပါတဲ့ နို့ ၊ ဒိန်ချဉ်တွေကိုသောက်ပါ () ထောပတ် မစားပါနဲ့  () ကြက်ကြော်တွေက ကိုလက်စထရောတက်စေလို့ ၊ ကြက်ကြော် စားသုံးမယ့်အစား ကြက်ကင် စားပေးပါ။
(ပေါက်ပေါက်…..မျှဝေသည်)
*promise.pauk*
*(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို
့သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)*