*ကွန်ပြူတာအော်ပရေတာများအတွက် ကျမ္မာရေးသတိပေးချက်*
ကွန်ပြူတာရှေ့ ထိုင်ပြီး အချိန်ကြာကြာစာရိုက်ရသူများမှာ၊
မျက်လုံးကြွက်သားများအားကုန်ခြင်း၊ အညောင်းမိ/ခါးနာခြင်း၊ အရိုး
ကျီးပေါင်းတက်ခြင်း၊ လက်ချောင်းများ နဲ့ လက်ကောက်ဝတ်များနာကျင်ခြင်း
စသည့်ဝေဒနာများ ဖြစ်လာစေပါတယ်။
သတိပေးချက် (၁)။
ကွန်ပြူတာကို
မိနစ် ၂၀ လောက်ကြည့်ပြီးတိုင်း၊ အခြားတနေရာသို့ မျက်နှာမူ၍ ပေ ၂၀ အကွာရှိ
ပစ္စည်းတစ်ခုခုထံအကြည့်လွှဲ ပါ။ ဒီနည်းက မျက်လုံးအိမ်ထဲရှိမှန်ဘီလူးကို
ပြေလျော့စေပါတယ်။
သတိပေးချက် (၂)။
ကွန်ပြူတာကို မိနစ် ၂၀
လောက်ကြည့်ပြီးတိုင်း၊ မျက်လုံးအိမ် စိုစွတ်စေဖို့  မျက်တောင် အကြိမ် ၂၀
ခတ်ပေးပါ။ ဒီနည်းက ကွန်ပြူတာစိုက်ကြည့်ခြင်းကြောင့်
မျက်စေ့ခြောက်ခြင်းနှင့် အခြားနောက်ဆက်တွဲ မျက်စေ့ဝေဒနာများမဖြစ်လာအောင်
ထိန်းသိမ်း ပေးပါတယ်။
သတိပေးချက်(၃)။
ကွန်ပြူတာခုံမှာ မိနစ် ၂၀
လောက်ထိုင်ပြီးတိုင်း၊ ခြေလှမ်း ၂၀ ထလျှောက်ပေးပါ။ ဒီနည်းက ခြေထောက် နှင့်
ခနာကိုယ်အောက် ပိုင်းမှာ သွေးများစုပုံမနေတော့ဘဲ၊ ခန္ဓာကိုယ်တစ်ခုလုံးသို့ 
သွေးလည်ပတ်မှု ပြန်လည်မျှတလာစေပါတယ်။
သတိပေးချက် (၄)။
အလုပ်ချိန်ပြီးပြီဆိုရင်၊ လက်ကောက်ဝတ်ကို နာရီလက်တံလည်ပတ်သည့်လားရာအတိုင်း
၁၀-ကြိမ် စက်ဝိုင်းပုံစံလှည့်ပေးပါ။ ပြီးရင် နာရီလက်တံပြောင်းပြန် ၁၀-ကြိမ်
စက်ဝိုင်းပုံစံလှည့်ပါ။ ဒီနည်းက လက်ချောင်း/လက်ဆစ်များနဲ့ လက်ကောက်ဝတ် နာ
ကျင်ခြင်းကို သက်သာစေပါတယ်။
သတိပေးချက် (၅)။
တနေ့ တာအတွက်
တာဝန်ချိန်ပြီးဆုံးသွားပါက၊ လည်ပင်းကိုငြိမ်ငြိမ်ထားပြီး ခေါင်းကို
ညာဘက်သို့  ၁၀-ကြိမ် ဖြည်းဖြည်းချင်းရွှေ့  ပါ။ ပြီးရင် ဘယ်ဘက်သို့ 
၁၀-ကြိမ် ဖြည်းဖြည်းချင်းရွှေ့ ပါ။ ပြီးရင် ခေါင်းကို အပေါ်-အောက် ၁၀-ကြိမ်
ဖြည်းဖြည်းချင်းရွှေ့ ပါ။ ဒီ နည်းက ဇက်ကြောတက်ခြင်း၊
လည်ပင်းရိုးဆစ်များညောင်းညာခြင်း စသည့်ဝေဒနာများကို
ချက်ချင်းသက်သာသွားစေပါတယ်။
(ပေါက်ပေါက်….မျှဝေသည်)
မှီငြမ်း (International Health Digest - HEALTH TIPS FOR COMPUTER OPERATORS )
--
promise.pauk
(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို့ သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)
No comments:
Post a Comment