ပြေးခြင်းရဲ
့ကျန်းမာရေးဆုလာဘ်များ။
ကျန်းမာရေးအတွက် အကောင်းဆုံးလေ့ကျင့်ခဏ်းတွေထဲမှာ
ပြေးခြင်းလည်းတစ်ခုအပါအ၀င်ပါ။ အထူးသဖြင့် ခြေထောက် ကြွက်သားများ ကျစ်လစ်သန်မာလာစေတာကြောင့်
အရွယ်ရောက်သူ ကျား-မအားလုံး ပြုလုပ်သင့်တဲ့ လေ့ကျင့်ခဏ်းဖြစ်ပါတယ်။
ပြေးခြင်းရဲ
့ကျန်းမာရေးဆုလာဘ်များကတော့-
(၁) (ကိုယ်အလေးချိန်ကျစေပါတယ်)
ပးလွှားခုန်ပေါက်ခြင်းကြောင့်
ဇီဝကမ္မဖြစ်စဉ်ကိုတိုးတက်ကောင်းမွန်လာစေပါတယ်။ ခန္ဓာ ကိုယ်တစ်ခုလုံး
လှုပ်ရှားခုန်ပေါက်ရတာကြောင့်လည်း၊ အမြန်ဆုံးနဲ့ အထိရောက်ဆုံး ကယ်လိုရီလောင်ကျွမ်းသွာစေတာမို
့ပိန်ချင် သူများ နေ့ စဉ်အပြေးလေ့ကျင့်ခဏ်းလုပ်ပေးပါ။
(၂) (နှလုံးကျမ္မာစေပါတယ်)
ပြေးခြင်းကြောင့်
သွေးလည်ပတ်မှုအားကောင်းလာစေပြီး ခန္ဓာကိုယ်အတွက်ခွန်အားများ တိုးပွား လာစေပါတယ်။
နှလုံးသွေးလည်ပတ်မှုကောင်းစေတာကြောင့်လည်း နှလုံးသွေးလွှတ်ကြောနဲ
့ပတ်သက်တဲ့ရောဂါတွေကို ကာ ကွယ်ရာရောက်ပါတယ်။
(၃) (အရိုးကျမ္မာစေပါတယ်)
အရိုးအကွေး အဆန်
့သက်တော့သက်သာဖြစ်စေတဲ့အပြင်၊ ခြေထောက်ရိုးများသိပ်သည်းမှု အား ကောင်းစေရုံ သာမက၊ အရိုးသန်မာလာစေပါတယ်။
(၄) (အဆီကျစပေါတယ်)
အဆီပိုတွေအမြန်ဆုံးကျဆင်းပြီး၊
ခန္ဓာကိုယ်အချိုးအစားပြေပြစ်လိုသူများအတွက်
ပြေးခြင်းက အထိ ရောက်ဆုံးနဲ့  အကောင်းဆုံးလေ့ကျင့်ခဏ်းဘဲ ဖြစ်ပါတယ်။
(၅) (ကိုယ်ခံစွမ်းအားတိုးတက်မြင့်မားစေပါတယ်)
ပြေးလွှားခြင်းက သွေးဖြူဥများနဲ့ ရောဂါပိုးတွေကိုခုခံနိုင်စွမ်းရှိတာကြောင့်
အအေးမိ၊ နှာစေး၊ ချောင်းဆိုး စတဲ့ ရာသီပေါ်ကူးစက်ဖျားများ
အလွယ်တကူမဖြစ်လာစေတော့ပါဘူး။
(၆) (စိတ်ဖိစီးမှုတွေပြေပျောက်စေပါတယ်)
အရှိန်နဲ့ ပြေးလွှားရတာကြောင့်
အလိုအလျောက် အသက်ပြင်းပြင်းရှုကာ အောက်စီ ဂျင်များ
ဦးနှောက်ထံအချိန်တိုအတွင်းရောက်ရှိသွားစေပြီး၊ စိတ်ဖိစီးမှုတွေသက်သာသွားပါတော့တယ်။
(၇) (ဦးနှောက်အားကောင်းစေပါတယ်)
တကိုယ်လုံးသွေးလည်ပတ်မှုအားကောင်းလာစေတာကြောင့်
သွေးထဲမှတဆင့် ဦးနှောက် ထံသို့ သန့် စင်တဲ့အောက်စီဂျင်တွေရောက်ရှိသွားပါတယ်။
ဦးနှောက်ကိုကောင်းစွာအလုပ်လုပ်စေကာ မှတ်ဥာဏ်အားများကောင်း လာ စေပါတယ်။
(၈) (အစာကျေညက်စေပါတယ်)
အစာကိုကောင်းစွာကျေညက်စေတာကြောင့် ဇီဝကမ္မဖြစ်စဉ်ကို
တိုးတက်ကောင်းမွန်လာစေပါ တယ်။ အစာအိမ်၊ အူ စတဲ့ အစာချေဖျက်မှုလမ်းကြောင်းဆိုင်ရာ
ရောဂါဆိုးများ ဖြစ်မလာစေတော့ပါဘူး။
(၉) (အရွယ်တင်နုပျိုစေပါတယ်)
ပြေးလွှားရခြင်းကြောင့် အရေပြားပေါ်ရှိ
ချွေးပေါက်ကလေးတွေကနေ ချွေးများနဲ့ အဆိပ်အ တောက်များ ထွက်ရှိလာစေလို့ ၊
အသားအရေကြည်လင်စေရုံသာမက အရွယ်တင်နုပျိုလာစေပါတယ်။
(၁၀) (အထွေထွေရောဂါများ
သက်သာစေပါတယ်)
ပြေးခြင်းက
ကျမ္မာရေးအတွက်ဘက်စုံကောင်းမွန်စေပါတယ်။ အထူးသဖြင့် ဆီးချို၊ နှလုံး၊ စိတ်ရောဂါတို
့ မဖြစ်လာစေတော့ပါဘူး။
(ပေါက်ပေါက်….မျှဝေသည်)
No comments:
Post a Comment